FACEBOOK NOTIFICATION များကို ပိတ်ထားနည်းများ

FACEBOOK NOTIFICATION များကို ပိတ်ထားနည်းများ


Facebook လို လူမှုကွန်ရက် ဝန်ဆောင်မှုများမှာ Notification များဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း Facebook မှာ စိတ်ပျက်စရာကောင်းတဲ့ Notification များကိုလည်း ရရှိနေတတ်ပါတယ်။ အဲဒီ Notification များ အားလုံးကို ပိတ်ထားလို့ မရပေမယ့် အချို့ကို ပိတ်နိုင်တဲ့ နည်းလမ်းတွေကို Facebook က ပံ့ပိုးပေးထားပါတယ်။


Facebook Notification Settings
၁။ Facebook Notification Settings ထဲသွားဖို့အတွက် ညာဘက်အပေါ်ထောင့်မှ Dropdown Arrow ကိုနှိပ်ပါ။ Menu ပေါ်လာရင် Settings ကို နှိပ်ပါ။ Settings ထဲရောက်သွားရင် ဘယ်ဘက်ခြမ်းမှ Notifications ကို နှိပ်ပါ။ On Facebook ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။


၂။ အဲဒီကနေ Notification အချို့ကို ပိတ်နိုင်ပါတယ်။ သင့်သူငယ်ချင်းတွေရဲ့ မွေးနေ့နဲ့ ပတ်သက်ပြီး အသိပေးတဲ့ Notification တွေကို ပိတ်ထားချင်ရင် Birthdays ကို တစ်ချက်နှိပ်ပြီး Off လုပ်ပေးပါ။



၃။ သင့်သူငယ်ချင်း မဟုတ်သူများက သင့်ကို Tag လုပ်ရင် Notification များရရှိနေမှာပါ။ အဲဒါကို ဖြေရှင်းဖို့ Tags ကို တစ်ချက်နှိပ်ပြီး Friends ကိုရွေးပေးပါ။


၄။ နောက်တစ်ခုက သင်ဟာ Page တစ်ခု သို့မဟုတ် Page များစွာကို ကိုင်တွယ်နေရတယ်ဆိုရင် Notification ယူမယ့် Page တွေကိုသာ သတ်မှတ်ထားနိုင်ပါတယ်။ Pages you manage မှာ သတ်မှတ်နိုင်ပါတယ်။ Notificaiton ပိတ်ထားချင်တဲ့ Page ရဲ့ ညာဘက်မှ Edit ကို နှိပ်ပြီး နောက်အဆင့်မှာ Off လုပ်ပေးပါ။


၅။ သင် အဖွဲ့ဝင်ထားတဲ့ Group တွေကနေ Notification တွေ တောက်လျှောက်ရနေလို့ ပိတ်ထားချင်ရင် Group Activity ကို နှိပ်ပါ။ Group တွေရဲ့ ညာဘက်မှ Dropdown Arrow ကို နှိပ်ပြီး Off ကို ပြောင်းပေးပါ။ သူငယ်ချင်းတွေရဲ့ ပို့စ်ကိုသာ Notification ယူထားချင်ရင် Friend’s Posts ကို ရွေးပေးပါ။


မှတ်သားစရာတစ်ခုက အချို့ Notification တွေကိုတော့ ပိတ်ထားလို့ မရပါဘူး။ ဥပမာ အားဖြင့် သူငယ်ချင်းတစ်ယောက်က သင့်ရဲ့ Timeline မှာ ပို့စ်တင်ရင် သင် Notification ရရှိမှာပါ။ သင် ပို့စ်တစ်ခု တင်လိုက်ပြီး သူငယ်ချင်းတွေက အဲဒီပို့စ်မှာ ကွန်းမန့်မှာ ရေးသားကြရင်လည်း Notification ရရှိနေမှာပါ။

၆။ အချို့ Notification တွေကိုတော့ ပို့စ်ကနေ ပိတ်ထားနိုင်ပါတယ်။ သင်ဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်တစ်ခုမှာ ကွန်းမန့်ရေးလိုက်တယ်ဆိုရင် အခြားသူတစ်ယောက်က အဲဒီပို့စ်မှာပဲ ကွန်းမန့်ရေးရင် သင်ဟာ Notification ရရှိမှာပါ။ ဒီလို မရချင်ဘူးဆိုရင် အဲဒီပို့စ်မှ Stop Notifications ကို နှိပ်ပါ။

၇။ အလားတူပဲ သင် Status တစ်ခုတင်လိုက်တဲ့အခါမှာ သင့် Status ကို Like, Comment, Share ပြုလုပ်ရင် Notification တွေရရှိနေမှာ ဖြစ်ပါတယ်။ အဲဒါကို ပိတ်ထားချင်ရင် ပို့စ်ရဲ့ ညာဘက်ဘေးမှ Dropdown Arrow ကိုနှိပ်ပြီး Turn off notifications ကို နှိပ်ပါ။

ဒါကတော့ Facebook Notification တွေကို PC ကနေ ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ Mobile Device , Tablet တွေကနေလည်း Facebook Notification တွေကို ထိန်းချုပ်နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ Facebook Notification အားလုံးကို ထိန်းချုပ်လို့ မရပေမယ့် စိတ်ပျက်စရာကောင်းတဲ့ Notification တွေကိုတော့ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 

SAMSUNG GALAXY NOTE 7 ကို လာမယ့် သြဂုတ်၁၉ရက်နေ့မှာ စတင်ရောင်းချမည်


Samsung Galaxy Note 7 စမတ်ဖုန်းကို မနေ့က စတင်ထုတ်လုပ်ခဲ့တာနဲ့အတူ စျေးနှုန်းအချက်အလက် အသေးစိတ်ကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။ Samsung Galaxy Note 7 စမတ်ဖုန်းကို လာမယ့် သြဂုတ်လ ၁၉ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုမှာ စျေးနှုန်း ဒေါ်လာ ၈၅၀နဲ့ စတင်ရောင်းချမှာ ဖြစ်ပြီး ဥရောပကိုတော့ လာမယ့် စက်တင်ဘာလ ၂ရက်နေ့မှာ စတင်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ Galaxy Note 7 ကို Pre Order အနေနဲ့ စတင်မှာယူနိုင်နေပြီ ဖြစ်ပြီး တခြားမိုဘိုင်းလ်ကုမ္ပဏီတွေဖြစ်တဲ့ Sprint, T-Mobile တို့ရဲ့ ရောင်းချတဲ့ စျေးနှုန်းအရ ဒေါ်လာ ၈၅၀ (ကျပ် ၁,၀၁၀,၀၀၀ခန့်) ကျသင့်မှာဖြစ်ပါတယ်။  AT&T ကတော့ ဒေါ်လာ ၈၈၀ ဖြစ်ပြီး Verizon ကတော ဒေါ်လာ ၈၆၄နဲ့ ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

Samsung ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ စျေးနှုန်းဟာ UK မှာ ပေါင် ၆၉၉နဲ့ ရောင်းချမှာဖြစ်ပြီး လက်ဆောင်ပစ္စည်းအနေနဲ့ 256GB ရှိတဲ့ MicroSD ကတ် ဒါမှမဟုတ် Gear VR Headset နှစ်ခုထဲက တစ်ခုကို ရယူနိုင်မှာပါ။

တကယ်လို့ Galaxy Note 7 ကို Samsung ကနေမဟုတ်ပဲ တခြား မိုဘိုင်းလ်တွေကတစ်ဆင့် ဝယ်ယူမယ်ဆိုရင်တော့ ပေါင် ၆၇၅ နဲ့ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် အာမခံ Free နဲ့ 2-year warranty ကိုလည်း ထပ်မံပေးဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Kingroot Apk (All version)


အားလုံးပဲသိပြီးသားဖြစ်မယ်လို့ထင်ပါတယ် ဖုန်းတော်တော်များများကို root လုပ်နိုင်တဲ့ kingroot.apk လေးကိုတင်ပေးလိုက်ပါ။ ထွက်ရှိထားတဲ့ version မှန်သမျှအားလုံးကိုတင်ပေးလိုက်ပါတယ် လိုချင်သူများအောက်လင့်ကနေဒေါင်းသွားကြပါဗျာ။ ဒီကောင်လေးကိုသုံးဖို့အတွက်Internet တော့လိုမယ်နော်။အဆင်ပြေကြပါစေ။

KingRoot-4.0.1.237
KingRoot-4.1.0.245
KingRoot-4.1.0.249
KingRoot-4.1.0.524
KingRoot-4.1.0.703
KingRoot-4.5.0.722
KingRoot-4.5.0.803
KingRoot-4.5.0.902

IOS 8.4 Jailbreak Tool


IOS 8.4 ကို Jailbreak လုပ်ဖို့အတွက် TaiG2 for window နဲ့ PPjailbreak for Max ကိုတင်ပေးလိုက်ပါတယ်။
Window အတွက်ရော Max အတွက်ရောတင်ပေးထားပါတယ် ခင်ဗျား။

TaiG2 for Window
PPJailbreak for Max

IOS 9.0 Firmware IPSW

IOS Font Maker (For Window)


IOS FONT Maker လေးပါ  font.ttf  ရှိယုံနဲ့မိမိဖုန်းကို ကြိုက်နှစ်သက်တဲ့ font profile လေးဖန်တီးနိုင်မှာပါ။
မိမိ ပြုလုပ်ပြီးသော file ကို dropbox ဖြစ်ဖြစ် မိမိနှစ်သက်သော online cloud တွင် upload လုပ်ပြီး safari ကနေ၀င် down လိုက်ပါ အဆင်ပြေကြပါစေ အမှားပါရင်ခွင့်လွတ်ပါနော် 

Huawei Official Firmware


 Huawei Official Firmware များကို download လုပ်ချင်သူများ Huawei ရဲ့ Official Website မှာ down ယူနိုင်အောင် လင့်လေးညွှန်း ပေးထားပါတယ် အောက်ကလင့်ကို အရင်သွားလိုက်ပါ
     go to here
Website ကို ရောက်ရင် Search box မှာ ကိုလိုချင်တဲ့ ဖုန်း model အလိုက်ရှာပြီး down လိုက်ပါ အဆင်ပြေပါစေဗျာ

IOS 8.1.1 Jailbreak Tool


ios 8.1.1 ကို jailbreak လုပ်ဖို့ပါ။ TaiGJBreak_EN_1021 ကိုတင်ပေးထားတာပါ။ လိုအပ်တယ်ဆိုရင်အောက်ကလင့်မှာ ယူသွားကြပါ ခင်ဗျား

                              download from mediafire

Unicode to Zawgyi, Zawgyi to Unicode Offline Converter (For PC)


Unicode to Zawgyi, Zawgyi to Unicode Offline Converter လေးပါလိုအပ်တယ်ဆိုရင် ဒေါင်းသွားကြပါ ခင်ဗျား အခြားသောလုပ်ဆောင်ချက်များလည်းပါပါတယ်
                                 
                                     download from mediafire

Myanmar3 Unicode Font and Keyboard (For PC)


မြန်မာ Unicode Font and Keyboard ပါ။ ကျွန်တော်က dotnet 1.1 နဲ့ အက္ခရာ keyboard ကိုတင်ပေးထားပါတယ်။
                                             download from mediafire



အက္ခရာ keyboard သက်သက်လိုချင်ရင် အောက်ကလင့်မှာယူသွားကြပါခင်ဗျာ။

                                        download akayer keyboard from mediafire