FACEBOOK NOTIFICATION များကို ပိတ်ထားနည်းများ


Facebook လို လူမှုကွန်ရက် ဝန်ဆောင်မှုများမှာ Notification များဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း Facebook မှာ စိတ်ပျက်စရာကောင်းတဲ့ Notification များကိုလည်း ရရှိနေတတ်ပါတယ်။ အဲဒီ Notification များ အားလုံးကို ပိတ်ထားလို့ မရပေမယ့် အချို့ကို ပိတ်နိုင်တဲ့ နည်းလမ်းတွေကို Facebook က ပံ့ပိုးပေးထားပါတယ်။


Facebook Notification Settings
၁။ Facebook Notification Settings ထဲသွားဖို့အတွက် ညာဘက်အပေါ်ထောင့်မှ Dropdown Arrow ကိုနှိပ်ပါ။ Menu ပေါ်လာရင် Settings ကို နှိပ်ပါ။ Settings ထဲရောက်သွားရင် ဘယ်ဘက်ခြမ်းမှ Notifications ကို နှိပ်ပါ။ On Facebook ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။


၂။ အဲဒီကနေ Notification အချို့ကို ပိတ်နိုင်ပါတယ်။ သင့်သူငယ်ချင်းတွေရဲ့ မွေးနေ့နဲ့ ပတ်သက်ပြီး အသိပေးတဲ့ Notification တွေကို ပိတ်ထားချင်ရင် Birthdays ကို တစ်ချက်နှိပ်ပြီး Off လုပ်ပေးပါ။



၃။ သင့်သူငယ်ချင်း မဟုတ်သူများက သင့်ကို Tag လုပ်ရင် Notification များရရှိနေမှာပါ။ အဲဒါကို ဖြေရှင်းဖို့ Tags ကို တစ်ချက်နှိပ်ပြီး Friends ကိုရွေးပေးပါ။


၄။ နောက်တစ်ခုက သင်ဟာ Page တစ်ခု သို့မဟုတ် Page များစွာကို ကိုင်တွယ်နေရတယ်ဆိုရင် Notification ယူမယ့် Page တွေကိုသာ သတ်မှတ်ထားနိုင်ပါတယ်။ Pages you manage မှာ သတ်မှတ်နိုင်ပါတယ်။ Notificaiton ပိတ်ထားချင်တဲ့ Page ရဲ့ ညာဘက်မှ Edit ကို နှိပ်ပြီး နောက်အဆင့်မှာ Off လုပ်ပေးပါ။


၅။ သင် အဖွဲ့ဝင်ထားတဲ့ Group တွေကနေ Notification တွေ တောက်လျှောက်ရနေလို့ ပိတ်ထားချင်ရင် Group Activity ကို နှိပ်ပါ။ Group တွေရဲ့ ညာဘက်မှ Dropdown Arrow ကို နှိပ်ပြီး Off ကို ပြောင်းပေးပါ။ သူငယ်ချင်းတွေရဲ့ ပို့စ်ကိုသာ Notification ယူထားချင်ရင် Friend’s Posts ကို ရွေးပေးပါ။


မှတ်သားစရာတစ်ခုက အချို့ Notification တွေကိုတော့ ပိတ်ထားလို့ မရပါဘူး။ ဥပမာ အားဖြင့် သူငယ်ချင်းတစ်ယောက်က သင့်ရဲ့ Timeline မှာ ပို့စ်တင်ရင် သင် Notification ရရှိမှာပါ။ သင် ပို့စ်တစ်ခု တင်လိုက်ပြီး သူငယ်ချင်းတွေက အဲဒီပို့စ်မှာ ကွန်းမန့်မှာ ရေးသားကြရင်လည်း Notification ရရှိနေမှာပါ။

၆။ အချို့ Notification တွေကိုတော့ ပို့စ်ကနေ ပိတ်ထားနိုင်ပါတယ်။ သင်ဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်တစ်ခုမှာ ကွန်းမန့်ရေးလိုက်တယ်ဆိုရင် အခြားသူတစ်ယောက်က အဲဒီပို့စ်မှာပဲ ကွန်းမန့်ရေးရင် သင်ဟာ Notification ရရှိမှာပါ။ ဒီလို မရချင်ဘူးဆိုရင် အဲဒီပို့စ်မှ Stop Notifications ကို နှိပ်ပါ။

၇။ အလားတူပဲ သင် Status တစ်ခုတင်လိုက်တဲ့အခါမှာ သင့် Status ကို Like, Comment, Share ပြုလုပ်ရင် Notification တွေရရှိနေမှာ ဖြစ်ပါတယ်။ အဲဒါကို ပိတ်ထားချင်ရင် ပို့စ်ရဲ့ ညာဘက်ဘေးမှ Dropdown Arrow ကိုနှိပ်ပြီး Turn off notifications ကို နှိပ်ပါ။

ဒါကတော့ Facebook Notification တွေကို PC ကနေ ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ Mobile Device , Tablet တွေကနေလည်း Facebook Notification တွေကို ထိန်းချုပ်နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ Facebook Notification အားလုံးကို ထိန်းချုပ်လို့ မရပေမယ့် စိတ်ပျက်စရာကောင်းတဲ့ Notification တွေကိုတော့ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 
Share 'FACEBOOK NOTIFICATION များကို ပိတ်ထားနည်းများ' On ...

Belum ada komentar untuk "FACEBOOK NOTIFICATION များကို ပိတ်ထားနည်းများ"

Post a Comment