SAMSUNG GALAXY NOTE 7 ကို လာမယ့် သြဂုတ်၁၉ရက်နေ့မှာ စတင်ရောင်းချမည်


Samsung Galaxy Note 7 စမတ်ဖုန်းကို မနေ့က စတင်ထုတ်လုပ်ခဲ့တာနဲ့အတူ စျေးနှုန်းအချက်အလက် အသေးစိတ်ကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။ Samsung Galaxy Note 7 စမတ်ဖုန်းကို လာမယ့် သြဂုတ်လ ၁၉ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုမှာ စျေးနှုန်း ဒေါ်လာ ၈၅၀နဲ့ စတင်ရောင်းချမှာ ဖြစ်ပြီး ဥရောပကိုတော့ လာမယ့် စက်တင်ဘာလ ၂ရက်နေ့မှာ စတင်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ Galaxy Note 7 ကို Pre Order အနေနဲ့ စတင်မှာယူနိုင်နေပြီ ဖြစ်ပြီး တခြားမိုဘိုင်းလ်ကုမ္ပဏီတွေဖြစ်တဲ့ Sprint, T-Mobile တို့ရဲ့ ရောင်းချတဲ့ စျေးနှုန်းအရ ဒေါ်လာ ၈၅၀ (ကျပ် ၁,၀၁၀,၀၀၀ခန့်) ကျသင့်မှာဖြစ်ပါတယ်။  AT&T ကတော့ ဒေါ်လာ ၈၈၀ ဖြစ်ပြီး Verizon ကတော ဒေါ်လာ ၈၆၄နဲ့ ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

Samsung ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ စျေးနှုန်းဟာ UK မှာ ပေါင် ၆၉၉နဲ့ ရောင်းချမှာဖြစ်ပြီး လက်ဆောင်ပစ္စည်းအနေနဲ့ 256GB ရှိတဲ့ MicroSD ကတ် ဒါမှမဟုတ် Gear VR Headset နှစ်ခုထဲက တစ်ခုကို ရယူနိုင်မှာပါ။

တကယ်လို့ Galaxy Note 7 ကို Samsung ကနေမဟုတ်ပဲ တခြား မိုဘိုင်းလ်တွေကတစ်ဆင့် ဝယ်ယူမယ်ဆိုရင်တော့ ပေါင် ၆၇၅ နဲ့ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် အာမခံ Free နဲ့ 2-year warranty ကိုလည်း ထပ်မံပေးဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Share 'SAMSUNG GALAXY NOTE 7 ကို လာမယ့် သြဂုတ်၁၉ရက်နေ့မှာ စတင်ရောင်းချမည်' On ...

1 Komentar untuk "SAMSUNG GALAXY NOTE 7 ကို လာမယ့် သြဂုတ်၁၉ရက်နေ့မှာ စတင်ရောင်းချမည်"

  1. Samsung Galaxy Note 7 ကို လာမယ့် သြဂုတ်၁၉ရက်နေ့မှာ စတင်ရောင်းချမည် >>>>> Download Now

    >>>>> Download Full

    Samsung Galaxy Note 7 ကို လာမယ့် သြဂုတ်၁၉ရက်နေ့မှာ စတင်ရောင်းချမည် >>>>> Download LINK

    >>>>> Download Now

    Samsung Galaxy Note 7 ကို လာမယ့် သြဂုတ်၁၉ရက်နေ့မှာ စတင်ရောင်းချမည် >>>>> Download Full

    >>>>> Download LINK

    ReplyDelete